SME လုပ်ငန်းများ ပိုမိုအောင်မြင်ရန် IT ကို ထိရောက်စွာအသုံးပြုဖို့လိုနေ

Capt. Albus Purcell
2 min readApr 30, 2021

ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု၊ ဖြန့်ချီရေး၊ လက်လီရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပညာရေး၊ ငွေကြေးနှင့် အာမခံ၊ ဖျော်ဖြေရေး စတဲ့ လုပ်ငန်းသဘာဝပေါ်မူတည်ပြီး နေ့စဥ် လုပ်နေရတဲ့ operation တွေကွာတတ်ပါတယ်။ လုပ်ရတာကွာတယ်ထင်ရပေမဲ့ စီမံခန့်ခွဲမှု ပညာရပ်ကနေ ကြည့်ရင်တူညီတာတွေရှိပါတယ်။ စီးပွားရေးအမျိုးအစားကွာခြားပေမဲ့ HR, Accounting, attandance payroll, Inventory control စတဲ့ လုပ်ဆောင်မှုတွေဟာ လုပ်ငန်းတော်တော်များများမှာ ပါနေပြီး စနစ်ကျဖို့၊ စွမ်းဆောင်ရည်တက်ဖို့၊ အရည်အချင်းရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကို ဘုတ်အဖွဲ့တွေ GM တွေက ချမှတ်နေကျဆိုတော့ မန်နေဂျာတွေ၊ ကြီးကြပ်ရေးမှူး၊ အကြီးတန်း ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတွေပြည့်နေတဲ့ ကဏ္ဍပါဘဲ။

နေ့စဉ်တွေ့ကြံဖြတ်သန်းနေရတဲ့ အလုပ်တွေကိုမှ ပိုပြီးစွမ်းဆောင်ရည် တက်အောင်လုပ်ပြနိုင်ဖို့အတွက် IT နည်းပညာတွေနဲ့ ဘယ်လိုပေါင်းစပ်အသုံးပြုနိုင်သလဲဆိုတာ တင်ပြပေးသွားပါမယ်။ ကောင်းမွန်တဲ့ HR စနစ်တစ်ခုမှာဆိုရင် အလုပ်တက်ချိန်၊ အလုပ်ဆင်းချိန်စတဲ့ attendance တင်မက တယောက်နဲ့တယောက်မတူညီတဲ့ employment contract တွေ ကိုယ်ရေးအချက်အလက်တွေကို ထိန်းသိမ်းနိုင်ပြီး၊ တနေ့တာ လုပ်ဆောင်ချက် timesheet၊ report ပြီးလား၊ ကျွမ်းကျင်မှု မှတ်တမ်း၊ သင်တန်းမှတ်တမ်း၊ bonus အစီအစဥ်၊ performance review တွေကို လုပ်နိုင်ပါတယ်။ ဒါ့အပြင် HR System ဆိုတာ ဝန်ထမ်းထိန်းသိမ်းရုံတင်မကဘဲ စီးပွားရေးလုပ်ငန်းအတွက် အရေးကြီဆုံးအရင်းအနှီး တစ်ခုဖြစ်လို့ Human capital development ကိုဖော်ဆောင်နိုင်တဲ့ skill development ပါဝင်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်တိုင်ခွင့်တိုင်တဲ့စနစ်၊ အဆင့်ဆင့်ခွင့်ပြုချက်ရယူတဲ့စနစ်၊ လမ်းစရိတ်စတဲ့ ကုန်ကျစရိတ်ကိုတင်တဲ့ စနစ်အပြင် ကုန်ကျစရိတ်ကို ငွေပမာဏပေါ်မူတည်ပြီး အထက်လူကြီးဆီက အတည်ပြုချက်ကို အနည်းဆုံး ၂ယောက်ယူရမယ်၊ ၁ယောက်ယူရင်ရပြီ၊ ယူစရာမလို စတဲ့ မူသတ်မှတ်ပြီး အလိုအလျောက် လုပ်နိုင်တဲ့စနစ်ကိုပါ တိုးချဲလို့ရသေးတယ်။ အချိန်ကုန်သက်သာလို့ အကျိုးရှိပြီး အဆင်ပြေထိရောက်မဲ့ စနစ်တွေပါဘဲ။

ကုန်လက်ကျန်ကိစ္စ ပြောရအောင်။ ကုန်လက်ကျန်စရင်းဟာ စတိုတခုထဲ ဝင်ပြီးထွက်ပေါက်က တစ်နေရာတည်းဆိုရင်တော့ စာအုပ်နဲ့မှတ်နေလည်းအဆင်ပြေသေးတယ်။ လုပ်ငန်းကြီးလာတာနဲ့အမျှ ဆိုင်ခွဲ စတိုခွဲတွေ တိုးလာမယ်၊ စတို နေရာတိုးချဲ့မယ်၊ ကုန်ပစ္စည်းဝင်ရာလမ်းကြောင်း ပေးပို့ပေးရမဲ့နေရာတွေများလာမယ် ကုန်ပစ္စည်းတွေလည်း ဆင်တူ အချက်ကွဲတွေများလာပြီး လူရဲ့အတွေ့အကြုံကိုမူတည်တဲ့ စနစ်ဟာ Bar code စက်ဖတ် ကွန်ပျူတာမှတ်တဲ့ စနစ်လောက်တော့ မတိကျနိုင်တော့ပါဘူး။ ဆိုင်ခွဲများလာတဲ့အမျှ တခြားတနေရာရှိ ဆိုင်ရှိလက်ကျန်ကို သိပြီး ရွေ့နိုင်ရင် ရောင်းဖို့ အခွင့်အရေးပိုရမယ်။ ဆိုင်ခွဲ၊ စတို နေရာရွေ့တာများလာရင် IT စနစ်က တော်ရုံစနစ်တောင်မဟုတ်တော့ဘဲ စင်လိုင်းအမှတ်၊ အထပ်၊ ပုံးနံပါတ်တို့၊ FIFO အရင်ရောက်တဲ့ ပစ္စည်းအရင်ရောင်းဖို့တို့၊ Batch control, တန်ဖိုးကြီး ပစ္စည်းဆိုရင် စီရီယာနံပါတ်နဲ့ မှတ်တာတို့ ပစ္စည်းအဝင်အထွက်ကို bar code ပါတဲ့ ကုန်ထုတ်မှတ်တမ်းနဲ့ တိုက်စစ်တာတို့ကိုပါ စီမံခန့်ခွဲတဲ့အလုပ်ကို အမှားအယွင်းမရှိ လုပ်နိုင်မှာပါ။ ဒီလိုရှုပ်ထွေးမှုမရှိခင်ကတည်းက ITစနစ်ကို သုံးထားရင် အမှားနည်းပြီး လူအင်အားနည်းနည်းနဲ့ ကြီးထွားဖို့အဆင်သင့်ဖြစ်လို့ ပိုထိရောက် ပိုအားသာမှာဘဲ။

လုပ်ငန်းတိုင်းကသုံးနေရတဲ့ စာရင်းကိုင် ဆော့ဝဲလ်လေးတွေနဲ့ဆို အရောင်း၊ စရိတ်၊ ပေးရန် ရရန် အကြွးစာရင်း၊ လစာ၊ purchase အဝယ်တွေကို စနစ်တကျမှတ်ထားရင် အရှုံးအမြတ်စာရင်းကို နေ့တိုင်း အချိန်နဲ့တပြေးညီ ကြည့်လို့ရနေမယ်။ လုပ်ငန်းသဘာဝပေါ်မူတည်ပြီး လစာကို အချိန်ပို ပါတွက်ပေးဖို့၊ ညပိုင်းဈေးက ပိုရတာတို့၊ အလုပ်ပြီးမြောက်မှု ရှိမရှိ စစ်ဆေးမှုထပ်ချိတ်တာတို့၊ လူမှုဖူလုံရေး ထည့်ဝင်ငွေနှုတ်ယူပေးဆောင်တာ၊ ဝင်ငွေခွန် လစဥ်ထမ်းဆောင်တာ၊ အသက်အာမခံ ပရီမီယံကြေးကို ထည့်တွက်တာတို့ကို တခါတည်းလုပ်လို့ရလို့ အရမ်းအဆင်ပြေပြီး စီမံခန့်ခွဲရတဲ့ အက်တမင် နဲ့ စာရင်းကိုင်တွေလည်း အချိန်ကုန်သက်သာ အလုပ်ထိရောက်၊ ဝန်ထမ်းလည်းစိတ်အေးရ၊ ပိုင်ရှင်လည်း စရိတ်သက်သာပြီး အောင်မြင်စေမှာဖြစ်ပါတယ်။

Originally published at https://www.v2m.jp. This story was in Burmese language.

--

--

Capt. Albus Purcell

Solutions Architect, Technologist. Love reading, traveling. forward thinker that love to discuss about the digital transformation